ညီမလေးသို့ 
ထွက်ပြေးရင် လွတ်မယ်တဲ့လား
ငါတော့မထင်ဘူး ။
ငါတို့ ကြားမှာ နင်မရှိတော့ရုံနဲ့ 
နင့်နာမည်က ပျောက်သွားမှာတဲ့လား
ဘယ်အရာမှ တကယ်မလွယ်ဘူး ညီမလေးရဲ့ 
နီးခြင်း ဝေးခြင်း
စောခြင်းနောက်ကျခြင်း
ကျယ်ပြန့် ခြင်းတိုတောင်းခြင်း
ရယ်မောခြင်း ငိုကြွေးခြင်း
အရာခပ်သိမ်းသော ပိုင်းခြားမှုများစွာကို
ငါတို့ ကိုယ်တိုင် သာ သတ်မှတ်ခဲ့တာပါ ။
နင်ဘယ်သူလဲ ငါမသိဘူး
နင်နေထိုင်ရာ အရပ်ဒေသမှာ
ဘယ်လိုပန်းတွေပွင့်တယ် ငါမသိဘူး
သိဖို့ ကရော လိုအပ်သတဲ့လား
ငါ့အတွက်တော့
နင်ဟာ နင်ဖြစ်နေရုံ
သူဟာ သူဖြစ်နေရုံ နဲ့  လုံလောက်ပါတယ် ။
ခင်မင်မှု ဆိုတာ နယ်စည်းမခြားဘူး
မိတ်ဆွေ ဆိုတာ ကာလာမပါဘူး
ငါကတော့ဒီလို ပဲ ယုံကြည်ခဲ့တယ်
ယုံကြည်နေတယ်
ယုံကြည်နေမိအုံးမယ် လေ ။
နင်ရဲ့  နိမိတ်ပုံ က ရိုးရှင်းတယ်
ငါတို့ ရဲ့ သင်္ကေတ က ခက်လက်ထွေပြားတယ်
နောက်ဆုံးတော့ လည်း
ချိန်ခွင်က တစ်ဘက်တည်းစောင်းခဲ့တာပါပဲ ။
ပြေးပါ ညီမလေးရေ ပြေးပြေး
ငါတို့ ရဲ့ အပါးက နေ ပြေး
ငါတို့ ရဲ့ ဝန်းကျင်ကနေ ပြေး
ဘယ်သူ မှ လိုက်လို့ မမှီနိုင်တဲ့
နင့် တစ်ကိုယ်စာ နေရာရောက်တဲ့အထိပေါ့ ။
ငါတို့ ကတော့
အဲ့ဒိနေရာမှာ ပန်းတွေပွင့်ပါစေ
စမ်းတွေ အေးပါစေ
ပြီးတော့
နင့်ကိုယ်နင် ပြန်ရှာတွေ့ ပါစေ လို့ 
ဆုတောင်း နေကြရရုံ
ညီမလေး ရေ
ကြည့်ပြီးသား ဇာတ်လမ်းဆိုပေမယ့်
ဒီအခန်း ရောက်တိုင်း
ငါတို့  လွမ်းရတာပါပဲ လေ ။
မျိုးကျော်
I Would like to share this with you. Here You Can Download This Application from PlayStore https://play.google.com/store/apps/details?id=com.abc123ing.myanmarkabyar
ဆီဇာဇေယျာတင်ထူး(IT လူလေး)
No comments:
Post a Comment